နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းစွမ်းဆောင်သွားကြစေလိုကြောင်း ဒေါက်တာ တင်ထွဋ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းစွမ်းဆောင်သွားကြစေလိုကြောင်း ဒေါက်တာ တင်ထွဋ် ပြောကြား


နေပြည်တော်၊ မေ ၁၈

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ Grade-10, Grade-11, Grade-12 တန်းစဉ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်သင်ကြားပို့ချကြမည့် ဆရာ ဆရာမများအတွက် ဖွင့်လှစ်သည့် သင်ကြားရေးမွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၁၆-၅-၂၀၂၅ ရက်နေ့က နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်တန်းခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းစွမ်းဆောင်သွားကြစေလိုကြောင်း ထည့်သွင်း ပြောကြားသွားသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီး၊ ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ သင်တန်း ဆရာ ဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းစွမ်းဆောင်သွားကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးမွေးမြူရေးပညာရပ်ကို ယခုထက်ပိုမိုသင်ကြားလေ့ကျင့် ပျိုးထောင်ပေးနိုင်မည့် အလားအလာများ၊ အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ပေးနိုင်ရေးကြိုးပမ်းကြစေလိုကြောင်း၊ တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် ခေတ်မီ AI နည်းပညာကို အကျွမ်းတဝင်အသုံးပြုနိုင်စေရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးကြိုးပမ်းသွားကြရန်နှင့် ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်များကို အမြဲဆန်းသစ်နေရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် သင်တန်းသား ဆရာ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပြီး သင်တန်းနည်းပြ ဆရာ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

ရက်သတ္တသုံးပတ်ကြာဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ Grade-10, Grade-11, Grade-12 တန်းစဉ်များတွင် စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်များပို့ချမည့် ဆရာ ဆရာမ ၃၈၃ ဦးအား စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် ပို့ချပေးခြင်း၊ အပြန်အလှန်ဆွေးနွေးစေခြင်းတို့ဖြင့် သင်ခန်းစာတစ်ခုချင်းအပေါ် ကျွမ်းကျင်မှုပိုမိုမြင့်မားစေရေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)