ပြည်ကြီးတံခွန်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၈ တန် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၈ တန် ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ မေ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၃ ဘီလမ်းပေါ်၌ ယဉ်မင်းဦး မောင်းနှင်သည့် ISUZU အမျိုးအစား ကုန်တင်ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ဒသမ ၈ တန် (တစ်တန်လျှင် ငွေကျပ်သိန်း ၄,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇,၂၀၀) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။ 

ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို နယ်စပ်ဒေသမှ တရားမဝင် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မုံရွာမြို့မှ ကဖင်းအိတ်များသယ်ဆောင်ခိုင်းသူ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကိုဇေ(ခ)ကိုဇေဇေအောင် နှင့် မစန္ဒာဝင်းတို့၏ နေအိမ်အား မေ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ မစန္ဒာဝင်း အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်သတင်းများအရ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကဖင်းအိတ်များအား ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စေခိုင်းသူ အောင်ဆန်းဦး(ခ)စိုးကို(ခ)အောင်စိုးသူ အား ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)