မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး




နေပြည်တော်၊ မေ ၂၃

မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဆိုင်ကယ်စီးနင်းသွားလာနေသူများထံမှ ရွှေထည်ပစ္စည်း များအား ဆိုင်ကယ်ဖြင့်လိုက်လံ၍ လုယက်မှုများ မကြာခဏ ကျုးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အသွင်ယူသတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် နေသူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး (၄၆)နှစ် (ဘ)ဦးသိန်းပိုင်နှင့် ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်၊ (ဘ)ဦးကျော်ထွန်းတို့ ၂ ဦးအား မေလ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ x ၃၉ လမ်းထောင့်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

ဖမ်းဆီးရမိသူ J ဦး၏ ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူများဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ဒေါ်ထွေးတင်(၅၃)နှစ်၊ (ဘ)ဦးခင်မောင်အား ညနေ ງ နာရီခွဲတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ် (ဘ)ဦးမြင့်ဦးနှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ) အောင်ထွန်း (၂၉)နှစ်၊ (ဘ)ဦးလှမြင့်တို့ ၂ ဦးအား ည ၆ နာရီခွဲတွင် အောင်ပင်လယ်ရပ်ကွက်ရှိ 3 COLOUR တည်းခိုခန်း၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များအရ မျိုးထွန်းနိုင်(ခ) အရှည်ကြီးနှင့် ကျော်မျိုးသူ (ခ)အောင်ပု တို့ ၂ ဦးသည် မေလ ၁၁ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကို လည်းကောင်း၊ မျိုးထွန်းနိုင်(ခ) အရှည်ကြီး၊ ကျော်မျိုးသူ (ခ) အောင်ပု၊ ဇေယျာထွန်း(ခ) ဖိုးဆယ်နှင့် အောင်ထွန်းလင်း(ခ) ကျော်ကြီး(ခ) အောင်ထွန်း တို့ ၄ ဦးသည် ဧပြီလ ၁၁ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁ဝ၇x၁၁ဝ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး တစ်ဦး ထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလအတွင်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်၊ ၅၁ x ၅၂ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံး နှင့် ၁ဝ၇ x ၁ဝ၈ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ว ကုံး ကိုလည်းကောင်း၊ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦးထံမှ ဆွဲသီးပါ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေ ၁၉ ရက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၁၁ဝ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကို လည်းကောင်း၊ ဇေယျာထွန်း(ခ) ဖိုးဆယ်နှင့် အောင်ထွန်းလင်း(ခ) ကျော်ကြီး(ခ) အောင်ထွန်း တို့ ၂ ဦးသည် ဧပြီလအတွင်း ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ် စီးနင်းလာသူ အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလအတွင်းက မြို့သစ် (၄)ရပ်ကွက်၊ ၁ဝ၉ လမ်း၊ ၆၂ x ၆၃ လမ်းကြား၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း လုယက်ယူဆောင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ထွေးတင် မှ နဝလီရွှေဆိုင်များတွင် သွားရောက်ရောင်းချကာ ခွဲဝေသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် လုယက်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ကျော်မျိုးသူ(ခ) အောင်ပု၊ ဇေယျာထွန်း(ခ)ဖိုးဆယ်၊ အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်းနှင့် ရွှေထည်ပစ္စည်း များအား ရောင်းချပေးသူ ထွေးတင်တို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုရေးဖွင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြစ်စဉ်များတွင် လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း၍ နစ်နာသူပိုင်ရှင် များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုယက်မှုကျူးလွန်ခံရ သူများအနေဖြင့်လည်း မိမိတို့၏ ပစ္စည်းများနှင့်ပတ်သက်၍ ပြစ်မှုဖြစ်ပွားသည့်ရဲစခန်းများ၌ ဆက်သွယ်စုံစမ်းတောင်းခံ နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)