နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့ရှိ ဝန်ထမ်းအိမ်ရာများသို့ ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်း ရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့ရှိ ဝန်ထမ်းအိမ်ရာများသို့ ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်း ရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ


နေပြည်တော်၊ မေ  ၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့်  မြန်မာနိုင်ငံ  ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

မတ်လ ၃၀ ရက်မှ မေလ ၅ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့်   မြန်မာ့စီးပွားရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိခရိုင်တရားရုံး၊ အကျဉ်းဦးစီးဌာန-၂(ကင်းသာ)၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စုပေါင်းရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးအမှတ်-၈)၊ အထူးရဲတပ်ဖွဲ့ရုံး၊ သာသနာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၁၀၃၄၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၄၂၁ အိတ်၊ ဆီ ၃၇၅၃၀ ပိဿာ၊ ဆား ၁၆၈၃ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၅၇၀၄ ထုပ်၊ ငါးပိ ၃၆၁ ပိဿာ၊ အမဲသား ၂၅ ပိဿာ၊ ကြက်အကောင် ၂၅၀ ၊ ဝက်သားပိဿာ ၂၀ ၊ ကြက်ဥအလုံး ၁၇၈၉၀၊ ဘဲဥ ၇၁၁၅ လုံး၊ ငုံးဥ အလုံး ၂၀၀၀၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပဲ့ခြောက်များ၊ ငါးကြင်း ပိဿာ ၉၀၊ ငါးတန်ပိဿာ ၉၀ ၊ ငါးမုတ် ပိဿာ ၇၀၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့်မုန်ညင်းဖြူ စသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသားပိဿာ ၃၀၀ ၊ ဆိတ်သား ပိဿာ ၁၀၀ ၊ ကြက်သားအကောင် ၂၀၀ ၊ ဝက်သား ပိဿာ ၁၀၀ ၊ ငါးမြစ်ချင်းပိဿာ ၁၀၀ တို့အား   ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့  ယနေ့မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း အိမ်တိုင်ရာရောက်သွားရောက်ကာ   သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် မီးဖို ချောင်သုံးပစ္စည်း စသည့်ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် ယနေ့မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၁၉ အိတ်၊ စားအုန်းဆီ ၄၉၈၃ ပိဿာ၊ ဆား ၈၂ ပိဿာ၊ ကုလားပဲ (၂၀) ကျပ်သားပါ ၄၀၉ ဘူး၊ ငါးပိ ၂၇ ပိဿာ၊ ကြက်သွန်နီ ၅၈၃ ပိဿာ၊ အသားတု ပိဿာ ၃၀၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) အိတ်  ၆၆၀ ၊ စားအုန်းဆီပိဿာ ၆၆၀၀၀၊ ဆား ၅၇ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၄ ထုပ်၊ ငါးပိ ၂၂ ပိဿာ၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို   ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)