ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ




ဘိုကလေး  ၊ မေ ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိူကြည်တန်ဆောင်းတော်တွင် မေ(၁၁)ရက် ည(၇)နာရီ အချိန်က “လူသားချင်းစာနာထောက်ထား တို့ကြက်ခြေနီများ” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ကျင်းပဆောင်ရွက်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖျာပုံခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးသက်နိုင်၊ ဘိုကလေးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းက ဘိုကလေးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် အများလေးစားအားကျဖွယ်ရာ၊ အတုယူရာ၊ စံပြနမူနာထားရာ ပရဟိတတပ်ဖွဲ့တစ်ခုဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက်သော လူငယ်များ စုပေါင်းနေကြသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် လူမှုကရုဏာ လုပ်ငန်းများအပါအဝင် မြို့နယ်၏ လိုအပ်ချက်များကိုပါ ဆက်လက်ပေါင်းစည်း ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။


ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလှသန်းဦးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သော ၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအားဖတ်ကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရာသက်ပန် အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူများက တပ်ဖွဲ့ဝင်အသစ်များအား တာဝန်ပေးအပ်ခြင်း၊ ခန့်အပ်လွှာများပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုဗီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)