ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ၊ သူနာပြုသင်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့ နှင့် သူနာပြုများ နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန ၊သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုး က အမှာစကားပြောကြားခဲ့ပြီး International Midwife Day ဆောင်ပုဒ်နှင့် မြန်မာနိုင်ငံရှိ သားဖွားဆရာမများ၏အခန်း ကဏ္ဍ နှင့် ပတ်သတ်၍ သင်တန်းသူတစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ International Nurses Day ပေါ်ပေါက်လာပုံ နှင့် 2025 ခုနှစ် International Nurses Day Theme ၏ လုပ်ငန်းများ ဆောင်ရွက်ပုံများအားသူနာပြုတစ်ဦးက ရှင်းလင်း ပြောကြားခဲ့ပြီး သူနာပြုမိခင်ကြီး Florence Nightingale ၏အတ္ထုပတ္တိအကြောင်း Role play ဖြင့် သင်တန်းသား ၊ သင်တန်းသူများက သရုပ် ဖော်ခဲ့ကြသည်။ထို့နောက် Nursing Process နှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ တေးသရုပ်ဖော်များဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှဒုတိယညွန်ကြားရေးမှူးဒေါ်လဲ့လဲ့ဝင်း၊သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုး ၊သူနာပြုအုပ်များ ၊ ဒုတိယ သူနာပြုအုပ်များ ၊ဆေးရုံကြီးလူနာဆောင်မှသူနာပြုဆရာမကြီးများ၊ သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost







No comments:
Post a Comment