ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျ ဆင်းလျက်ရှိ၊ ပြည်ပမှစက်သုံးဆီတင် သင်္ဘောများလည်း အဆက်မပြတ် ပုံမှန်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျ ဆင်းလျက်ရှိ၊ ပြည်ပမှစက်သုံးဆီတင် သင်္ဘောများလည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်


နေပြည်တော်၊ မေ ၁၇

ပြည်တွင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိပြီး ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူ သုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည်လည်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက် ရှိသည်။

ထို့ပြင်ဒေသအလိုက် စက်သုံးဆီလိုအပ်ချက်ကို ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာလိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြကြောင်း၊ အရန်စက်သုံးဆီ ရက်သတ္တပတ်(၂)ပတ်စာခန့်ရှိပြီး ပြည်ပမှစက်သုံးဆီတင် သင်္ဘောများလည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)