မေ - ၇ ( ဗုဒ္ဓဟူးနေ့ )
ယီမင်နိုင်ငံ၏ ဟူသီသူပုန်များထိန်းချုပ်ထားသော မြို့တော်ဆာနာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အလုံးစုံပိတ်သွားစေရန် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုများက ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် အခြားပစ်မှတ်များကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က တဲလ်အဗစ်မြို့ အနီးရှိ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဟူသီသူပုန်အဖွဲ့က ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် ယီမင်ရှိ ဟူသီထိန်းချုပ်ထားသော ပစ်မှတ်များကို IDF က ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။
“တိုက်လေယာဉ်တွေက မြို့တော်ဆန်နာမှာရှိတဲ့ အဓိကလေဆိပ်မှာ ဟူသီအကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းခဲ့ပြီး လေဆိပ်ကို အပြည့်အဝပိတ်သွားအောင်ကို လုပ်နိုင်ခဲ့ပါတယ်” လို့ IDF မှ ပြောကြားခဲ့ပါတယ်။ ဓာတ်အားပေးစက်ရုံများနှင့် ကွန်ကရစ် စက်ရုံအများအပြားကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် ဆန်နာမြို့ တွင် အနက်ရောင်မီးခိုးများ ထူထပ်စွာ တက်လာသည်ကို တွေ့ရပါတယ်။
အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဟူသီ သတင်းဌာန အယ်လ်မာရှီယာ က ဆိုပါတယ်။ ဟိုဒိုင်ဒါ ဆိပ်ကမ်းကိုလည်း အစ္စရေးက ဗုံးကြဲခဲ့ပြီး လူတစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုများက လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများကို အနှောင့်အယှက်ပေးခြင်းဖြစ်လို့ ယီမင်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ရုပ်သံဌာနက ဖော်ပြထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment