လှည်းကူး၊ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ဆန်/စပါးများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သို လှောင်ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း၊ MyRoတွင် မှတ်ပုံတင်ဆောင်ရွက်ခြင်း၊ လစဉ်အဝင်/ အထွက်စာရင်းများ ပုံမှန်ပေးပို့ခြင်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ဆန်စက်၊ ဆန်ဆိုင်၊ ဆန်သိုလှောင် လုပ်ငန်းရှင်များနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆန်စက်/ ဆန်ဆိုင်/ ဆန်သိုလှောင် လုပ်ငန်းရှင်များ စုစုပေါင်း(၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment