ဘိုကလေးမြို့နယ်တွင် ယာယီ‌နေရပ်စွန့်ခွာ ပြည်သူများအား ငွေနှင့် ဆန်ရိက္ခာများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ယာယီ‌နေရပ်စွန့်ခွာ ပြည်သူများအား ငွေနှင့် ဆန်ရိက္ခာများပေးအပ်


ဘိုကလေး၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သို့ နေရာဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာလာကြသော ပြည်သူ(၉၆)ဦးအား ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ငွေနှင့် ဆန်ရိက္ခာများ‌ ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက နေရပ်စွန့်ခွာလာကြသော ပြည်သူများအနေဖြင့် အခက်အခဲများရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတင်ပြပါရန်နှင့် မိမိတို့အနေဖြင့် ကူညီဖို့ရန်လည်းအသင့်ရှိကြောင်း၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရာသီတွင်လည်း နေရပ်စွန့်ခွာလာကြသော ကျောင်းသား/သူများ အနေဖြင့်လည်း ကျောင်းတက်ရောက်ကြရန်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးဖြစ်ခဲ့ကြသော ပြည်သူများအနေဖြင့်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ်၍ လာရောက်လျှောက်ထားပြုလုပ်နိုင်ပါကြောင်း အသီးသီး အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးအတွက် (၁)လလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ဖေဖော်ဝါရီနှင့် မတ်လ(၂)လစာ ငွေကျပ်(၄၀၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၁)ပြည်နှုန်းတို့ဖြင့် ပြည်သူ (၉၆)ဦးအတွက် စုစုပေါင်း (၃၈၄၀၀၀၀)ကျပ်နှင့် ဆန်(၉၆)ပြည်တို့အား ၎င်းတို့လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)