မြောက်ဥက္ကလာပ၊ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အ ခြေခံပညာ KG မှ Grade 11ထိ စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ကျောင်းများတွင် ထုတ်ပြန်လျက်ရှိသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြောက်ဥက္ကလာပ မြို့နယ်အတွင်း အခြေခံပညာကျောင်း ၆၁ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို သက်ဆိုင်ရာ ကျောင်းများအသီးသီးတွင် မေ ၁၅ ရက်နံနက် ၆နာရီက တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment