ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ




ပြည်၊ မေ ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ မေ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ၏ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရင်ပြင်တော်မြတ်စွယ်တော်တိုက်၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများထံ ဂေါပကအဖွဲ့ဝင်တစ်ဦးက မဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲနှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဘဒ္ဒန္တကဝိန္ဒဇောတိအရှင်မြတ်က ဇေယျမင်္ဂလာအောင်ဂါထာတော်ဖြင့် ဗုဒ္ဒဘုရားရှင်အား ပင့်ဆောင်ပူဇော်ပြီး ရတနာမာရ်အောင်တောရကျောင်းတိုက်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒက အနုမောဒနာတရားချီးမြှင့်တော်မူကာ ကုသိုလ်ကောင်းမှုအစုစုကို ဝေနေယျသတ္တဝါအပေါင်းအား ရေစက်သွန်းချအမျှပေးဝေကြသည်။ ဆက်လက်၍ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဘဒ္ဒန္တပညာသီရိဇောတိအရှင်မြတ်က နတ်ဗြဟ္မာတို့အားပြန်ပို့ခြင်း ဂါထာရွတ်ဆိုပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က အောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုဆက် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)