ညောင်ဦး၊ မေ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားကြီး (၁၁) ဆူအနီးတွင် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ - ညောင်ဦးဒေသ သမိုင်းဝင်အထင်ကရဘုရား၊ စေတီများသို့ လာရောက်ဖူးမြော်ကြသည့် ခရီးသွားဧည့်သည်များနှင့် ဘုရားစေတီပုထိုးများအနီးတွင် ဒေသထွက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဈေးသူ/ ဈေးသားများ၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု၊ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ၏ အကျိုးသက်ရောက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတို့ကို သိရှိနိုင်ရန်နှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ မေလမှစတင်ကာ လစဉ်တိုင်း ဝန်းကျင်လေထုအရည်အသွေးတိုင်းတာထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဝန်းကျင်လေထုတိုင်းတာခြင်းကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်၊ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းတာရေးအဖွဲ့ဝင်များက Carbon Monoxide (CO)၊ Carbon Dioxide (CO2)၊ Nitrogen Dioxide(NO2)၊ Sulphur Dioxide (SO2)၊ Ozone (O3)၊ Particulate Matter (PM10၊ PM2.5)နှင့် Relative Humidity (RH%) စသည့် Parameter ခုနစ်မျိုးပါဝင်သော Scentroid SL 50 တိုင်းတာရေးစက်ဖြင့် ဝန်းကျင်လေထုအရည် အသွေးတိုင်းတာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment