ဂါဇာမှာ ဟားမတ်စ်တွေကို အပြတ်ရှင်းပေးပါမယ်လို့ နေတန်ယာဟု ကတိပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာမှာ ဟားမတ်စ်တွေကို အပြတ်ရှင်းပေးပါမယ်လို့ နေတန်ယာဟု ကတိပြု


မေ- ၁၅ ( ကြာသပတေးနေ့) 

အစ္စရေးစစ်တပ်သည် မကြာမီကာလအတွင်း ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်များကို အပြီးသတ်နိမ်နင်း နိုင်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပြုခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူ့အစိုးရအနေနဲ့ စစ်သွေးကြွအုပ်စုက ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိခိုက်ဒဏ်ရာရရှိထားသော အစ္စရေးအရန်တပ်ဖွဲ့များနှင့် စကားပြောရာတွင် နေတန်ယာဟုက “လာမည့်ရက်များတွင် စစ်ဆင်ရေးပြီးမြောက်ရန် အင်အားအပြည့်ဖြင့် [ဂါဇာသို့] သွားကြမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ “ဟားမတ်စ်များကို လုံးဝဖျက်ဆီးခြင်း” နှင့် “ကျွန်ုပ်တို့၏ ဓားစာခံများအားလုံးကို လွှတ်ပေးရမယ်” လို့ ဆိုလိုက်တာပါ။ 

၂၀၂၃ ခုနှစ်အတွင်း အစ္စရေးကို တိုက်ခိုက်စဉ် ဟားမတ်စ် အုပ်စုက ဖမ်းဆီးထားသော သုံ့ပန်းများကို ပြန်လွှတ်ပေးရန် “ယာယီအပစ်အခတ်ရပ်စဲရေး” ကို အစ္စရေးက ငြင်းဆိုခြင်းမပြုခဲ့ပေမဲ့ နေတန်ယာဟုက “စစ်ပွဲကို ရပ်တန့်မည့် အခြေအနေရှိမည်မဟုတ်ဘူး”လို့ ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။  

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း အရပ်သားများ ထွက်ခွာခွင့်ပြုမည့် အုပ်ချုပ်ရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသော်လည်း မည်သည့်နိုင်ငံမှ ပါလက်စတိုင်းသားတွေကို ခေါ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။ နေတန်ယာဟု အဆိုအရ ပါလက်စတိုင်းသား တစ်ဝက်ကျော်လောက်က ဂါဇာကနေ အခွင့်အရေး ရပါက ထွက်ခွာသွားဖွယ်ရာ ရှိနေတယ်လို့ သိရပါတယ် ။ 

အင်္ဂါနေ့က ပါလက်စတိုင်းနယ်မြေတောင်ဘက်ရှိ ခန်ယူနီစ်မြို့ ရှိ ဥရောပဆေးရုံကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ( IDF) များက လေကြောင်းတိုက်ခိုက်မှုအပြီး ယခုကဲ့သို့ နေတန်ယာဟု၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ် ။ IDF ၏ အဆိုအရ ဟားမတ်စ် စစ်သွေးကြွများသည် အဆောက်အအုံအောက်ရှိ မြေအောက်ခန်းများတွင်  “ဗဟိုစစ်ဆင်ရေး ထိန်းချုပ်ရေးဌာန” ကို ထူထောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် ဟားမတ်စ်ခေါင်းဆောင် မိုဟမ်မက်ဆင်ဝါ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းရဲ့ ကံကြမ္မာကို မသိရသေးကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေးလုပ်သားများ ဆေးရုံသို့ ချဉ်းကပ်ခြင်းကို တားဆီးဖို့အတွက် အစ္စရေးတိုက် လေယာဉ်များက အဆိုပါနေရာကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မီဒီယာအများအပြားက အခိုင်အမာ ဆိုကြပါတယ်။  ဂါဇာ၏ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက စစ်လေယာဉ်များက ဒဏ်ရာရသူများကို ကယ်တင်ရန် ကြိုးပမ်းသူတိုင်းကို တမင်ပစ်မှတ်ထားကြောင်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းအရာရှိများ၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)