တာမွေမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ



တာမွေ၊ မေ  ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ဝင်ရောက်ဖြေဆို ခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကျောင်းများရှိ ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း အပါအဝင် အခြေခံပညာမူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း(၃၅)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူ ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)