သုံးခွမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချ ဝန်ဆောင်မှုပေးနေသည့် စားသောက်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချ ဝန်ဆောင်မှုပေးနေသည့် စားသောက်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်




သုံးခွ  ၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အစားအသောက်ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များ သန့်ရှင်းမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ ရာရီအချိန်က စားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရရှိစေရေးအတွက် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေးမှူး ၃ ဒေါ်ဌေးဌေးလှိုင်က သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများ ခြင်ပေါက်ဖွားမှုမရှိစေရေး ပြောကြားခဲ့သည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့က အပတ်စဥ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စည်သူလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)