ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပဲခူးမြို့အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ပြင်ဆင်‌ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပဲခူးမြို့အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ပြင်ဆင်‌ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့က ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ကျင်းပသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတက္ကသိုလ်သို့ ရောက်ရှိပြီး ဘာသာရပ်ဌာနများ၊ သုတေသနခန်းများ၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း လက်တွေ့ဆောင်ရွက်နေမှုများ၊ ဇွန်လတွင် ဖွင့်လှစ်မည့် ကျောင်းဖွင့်ချိန် မတိုင်မီစာသင်ခန်းများ ပြင်ဆင်‌ဆောင် ရွက်ထားရှိမှုများကို ကြည့်ရှုစစ်‌ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေး သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၅)အခြေခံ ပညာအထက်တန်း ကျောင်း(ခွဲ)များသို့ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ထောက်ပံ့ပေးအပ်မည့် ဘောပင်၊ ခဲတံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် စာသင်ခန်းများ အဆင်သင့်ဖြစ်‌ စေရေးပြင်ဆင်‌ဆောင်ရွက်ထားရှိမှု များကိုကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ထို့နောက် ပဲခူးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်များသို့ရောက်ရှိပြီး ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်ယူနေကြသည့် သင်တန်းသား သင်တန်းသူများကို လှည့်လည် ကြည့်ရှုအားပေးစကား ပြောကြားသည်။

ယင်းနောက် လှည်းကူးပညာရေး ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူမှု နည်းစနစ်များနှင့် စာသင်ကြားရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကို မေးမြန်းကာ အကြံပြုဆွေးနွေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)