နေပြည်တော်၊ မေ၄
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတို့တွင် ဧပြီ ၄ ရက်အထိ သေဆုံးသူ ၃,၇၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့ အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး၊ သေဆုံးသူ ၇၈၉ ဦးကိုရှာဖွေပေး နိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်လှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မေ ၃ ရက် ညနေ ၅ နာရီမှ မေ ၄ ရက် ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတဆင့် မလေးရှားနိုင်ငံအခြေစိုက် Fo Guang Shan Buddha's Light International Association Yayasan Sin Crew အဖွဲ့ အစည်းများက မြန်မာနိုင်ငံ ငလျင်ဘေး ဒဏ်သင့်ဒေသများသို့ လှူဒါန်းသည့် အသင့်စားချက်ပြုတ်ပြီး ထမင်းဘူးနှင့် တာပေါ်လင် များ ပါဝင်သော ကတ္ထူပုံး တန်ချိန် (၃ဒသမ၅၁၈) တန် ရောက်ရှိခဲ့ပြီးအဆိုပါ ထောက်ပံ့ ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့ လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment