မေ - ၂၂ ( ကြာသပတေးနေ့)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇူး ပြည်နယ် ကျေးလက်ဒေသတွင် ကြာသပတေးနေ့ နံနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ရာ လူ ၂၁ ဦး ပိတ်မိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြေပြိုမှုတွင် အိမ်ထောင်စု ၈ စုနှင့် လူ ၁၉ ဦး ပိတ်မိနေသည့် ကွင်ယန်ရွာသို့ ကယ်ဆယ်ရေးသမားများ စေလွှတ်ထားပြီး အနီးနားရှိ ချောင်ဆီမြို့နယ်တွင် နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ရွာသည် ပြည်နယ်၏ ဝေးလံခေါင်သီသော တောင်တန်းဒေသတစ်ခုတွင် ရှိသည်။ ဂွီဇူး မှာရှိတဲ့ စစ်တပ်၊ ရဲ ၆၀ ဦးအပြင်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ဒေသခံပြည်သူ့စစ်တွေက ကယ်ဆယ်ရာမှာ ကူညီဖို့ လူ ၁၂၀ ကို စေလွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV သတင်းအရ သိရသည်။
မြေပြိုမှုက တစ်ညလုံး မိုးရွာခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက အစိုးရမီဒီယာသို့ ပြောသည်။ ဧရိယာတစ်ဝိုက်ကို လိုက်လံရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုတစ်ခုတွင် တောင်စောင်းတစ်ခုမှာ ပြိုကျနေသော မြေကြီးများကို တွေ့ရသည်။
REF: ABC
https://t.me/MyanmarNationalPost

No comments:
Post a Comment