နေပြည်တော်၊ မေ ၁၅
မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး Mr. Li Qianguo က ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်က မန္တလေးငလျင်ကြီး ဘေးဒဏ်ကြောင့် ရုံးလုပ်ငန်းသုံးစက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန် ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းပေးသည့်အတွက် ပြည်ထောင်စု ဝန်ကြီးကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ကျင်းပမည့် ကမ္ဘာ့ အားကစားပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ဆွေးနွေးပြောကြားခဲ့ သည့် အချက်အလက်များကို ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး Mr. Li Qianguo က ရုံးသုံး ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment