နေတိုး ထိပ်သီးအစည်းအဝေးမှာ ဇီလန်စကီးကို မဖိတ်ဖို့ အမေရိကန်ပြောနေရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေတိုး ထိပ်သီးအစည်းအဝေးမှာ ဇီလန်စကီးကို မဖိတ်ဖို့ အမေရိကန်ပြောနေရပြီ


မေ - ၁၅ ( ကြာသပတေးနေ့ ) 

လာမည့်လတွင် သည်ဟေ့ဂ်မြို့၌ ကျင်းပမည့် နေတိုး  ထိပ်သီးအစည်းအဝေးသို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအား ဖိတ်ကြားခြင်းကို အမေရိကန်က တားမြစ်ထားကြောင်း အီတလီနိုင်ငံထုတ် ANSA သတင်းဌာနက အမည်မဖော်လိုသည့် သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။

ကိယက်ဗ်အစိုးရက အမေရိကန် ဦးဆောင်သော စစ်ဘက်ဆိုင်ရာ အစုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ကာလရှည်ကြာ ကြိုးပမ်းနေတာမှန်ပေမဲ့ ရုရှားက ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်သွားရင် ၎င်း၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပဋိပက္ခတွင် မော်စကို၏ ထိပ်တန်း ရည်မှန်းချက်များထဲမှ တစ်ခုသည် ယူကရိန်း နေတိုး အဖွဲ့ဝင်မဖြစ်ရေး နဲ့ မဖြစ်အောင် တားဆီးရေးပဲဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မကြာမီ အနာဂတ်တွင် ယူကရိန်း၏ နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ကို သမ္မတ စဖြစ်ကတည်းက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ 

ANSA က “ယခုအချိန်တွင်… ခေါင်းဆောင်များအဆင့်ရှိ နေတိုး-ယူကရိန်းကောင်စီကို ချမှတ်ရန် အစီအစဉ်မရှိ” သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်းကဆိုသည်။ ကိယက်ဗ် သည် ဇွန်လ ၂၄ ရက်မှ ၂၅ ရက်မှာလုပ်တဲ့ အစည်းအဝေးအချို့တွင် ပါဝင်နိုင်သော်လည်း နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး အဆင့်တွင်သာ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ 

အဲဒိ ထိပ်သီးအစည်းအဝေး ဖိတ်ကြားချက်များကို လက်ခံရရှိသည့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြောင်း အီတလီထုတ်သတင်းစာက ဖော်ပြထားပါတယ်။ ၂၀၂၃ ဗယ်နီယက် ထိပ်သီးအစည်းအဝေးနှင့် ၂၀၂၄ ဝါရှင်တန် ထိပ်သီးအစည်းအဝေး တို့တွင် နေတိုး-ယူကရိန်းကောင်စီ ခေါင်းစဉ်အောက်မှ ဇီလန်စကီးက အစည်းအဝေးများ တက်ရောက်ရန်အတွက် နေတိုးခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)