ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေး စနစ် S- 400 ကို ဝန်ကြီးချုပ် မိုဒီချီးကျူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေး စနစ် S- 400 ကို ဝန်ကြီးချုပ် မိုဒီချီးကျူး


မေ - ၁၅ ( ကြာသပတေးနေ့ ) 

အိန္ဒိယ က ပါကစ္စတန်ကို တိုက်ခိုက်သည့် စစ်ဆင်ရေး အော်ပရေးရှင်း ဆင်ဒိုးတွင် ရုရှားလုပ် S-400 ရွှေ့လျား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ၏ စွမ်းဆောင်ရည်ကို လေ့ကျင့်ထားသော လူအင်အားနှင့် မှန်ကန်သော နည်းပညာပေါင်းစပ်မှုတို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက  အင်္ဂါနေ့တုန်းက ချီးကျူးခဲ့ပါတယ်။ 

“S-400 ကဲ့သို့ ပလပ်ဖောင်းများသည် နိုင်ငံအတွက် မကြုံစဖူး ခွန်အားများ ပေးစွမ်းခဲ့ပါတယ်” လို့ မိုဒီက ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေးစနစ်ရှေ့တွင် ရပ်ကာ စစ်သားများအား မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ ခိုင်မာတဲ့ လုံခြုံရေးအကာအရံတစ်ခုဟာ အိန္ဒိယရဲ့ အမှတ်အသား ဖြစ်လာပါတယ်လို့လည်း ဆိုပါတယ်။ 

နယူးဒေလီသည် ဧပြီလက ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမာဘတ် အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသအတွင်းရှိ စစ်သွေးကြွများဟု သံသယရှိသော အဆောက်အအုံများကို မေလ ၇ ရက်က ဒုံးကျည်များဖြင့် တိုက်ခိုက်သည့် အော်ပရေးရှင်း ဆင်ဒိုးကို စတင်ခဲ့ပါတယ်။  အိန္ဒိယ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်သည် S-400 စနစ် လည်ပတ်နေတဲ့ အဒမ်ပူရ အပါအဝင် လေတပ်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ 

အဒမ်ပူအား မေလ ၁၀ ရက်နေ့က ပါကစ္စတန်က ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ ပါကစ္စတန်၏ အစိုးရပိုင် ရုပ်မြင်သံကြား ချန်နယ် PTV က ၎င်း၏ JF-17 တိုက်လေယာဉ်များသည် အသံထက်မြန်တဲ့ ဒုံးကျည် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် အိန္ဒိယစစ်တပ် အခြေစိုက်စခန်းကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယစစ်တပ် အရာရှိများကတော့ အဆိုပါပြောဆိုချက်များ မှားယွင်းကြောင်း အမြန်ချေပခဲ့ကြပါတယ်။ 

ပါကစ္စတန်၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့တာကြောင့် S-400 ဝယ်ယူရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကို ကာကွယ်ရေး လေ့လာသုံးသပ်သူများက ချီးကျူးခဲ့ကြပါတယ်။ အဆိုပါ စနစ်များကို ရုရှားထံမှ ဒေါ်လာ ၅.၄ ဘီလီယံ အကုန်အကျခံကာ ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်မှုကို ဖီဆန်ပြီး ဝယ်ယူခဲ့ တာပဲ ဖြစ်ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)