ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်း ဝန်ကြီးဌာနများ၌ Prefabricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်း ဝန်ကြီးဌာနများ၌ Prefabricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၌ Prefabricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဥပဒေရေးရာဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး အစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့အား တရုတ်နည်းပညာရှင်အဖွဲ့မှ တာဝန်ရှိသူများက Prefabricated Office များ၏ Models ၊ အချက်အလက်များနှင့် တပ်ဆင်ရာတွင် ဆောင်ရွက်သွားရမည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရုံးဝင်း အတွင်း တရုတ်နည်းပညာရှင်အဖွဲ့မှ Prefabricated Office များ တပ်ဆင်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ရောက်ရှိကြပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အတူ အဆိုပါရုံးဝင်းအတွင်း Prefa-bricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့်အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ အဆိုပါရုံးဝင်းအတွင်း Prefabricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)