ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းတွင် အောင်စာရင်းများ ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းတွင် အောင်စာရင်းများ ကြေညာ






ကြံခင်း၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၄- ၂၀၂၅ ပညာ သင်နှစ်၊ အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်းတို့တွင် ယနေ့ နံနက် ၆ နာရီမှစတင်၍ အောင်စာရင်းများ ကြေညာ ကပ်ထားလျက်ရှိသည်။ 

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်း နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)နှစ်ကျောင်းတို့၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade -11 ထိ အောင်စာရင်းများကို ကြေညာကပ်ထားထုတ်ပြန်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုကြသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်  KG မှ Grade -11 ထိ ဝင်ရောက်ဖြေဆိုသူ ၁၃၈၅၃ ဦး ရှိပြီး ဖြေဆိုအောင်မြင်သူ ၁၀၀% ပြည့် အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။



ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)