ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး Container House များ တပ်ဆင်နေမှုနှင့် တည်‌ဆောက်ထားသည့် ယာယီအဆောင်များ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး Container House များ တပ်ဆင်နေမှုနှင့် တည်‌ဆောက်ထားသည့် ယာယီအဆောင်များ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၅

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရုံးအမှတ်(၂၅) ဥပဒေရေးရာ ဝန်ကြီးဌာန ယာယီဝန်ထမ်း အိမ်ရာဝင်း၌ ဝန်ထမ်းများနေထိုင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ တပ်ဆင်တည်ဆောက် ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့ခေါင်းဆောင်က ယာယီအဆောက်အအုံများ ဆောက်လုပ်တပ်ဆင်ခြင်းကို Video Clip ဖြင့် ရှင်းလင်းပြသပြီး ယာယီအဆောက်အအုံများ ချထား မည့်မြေနေရာတွင် လက်တွေ့တည်ဆောက်တပ်ဆင်ခြင်းများကို ဆောင်ရွက်ရာ တာဝန်ရှိသူများ က တပ်ဆင်တည်ဆောက်နေမှုများကို လေ့လာ၍ သိရှိလိုသည့် အချက်များကို မေးမြန်းပြီး သက်ဆိုင်ရာ ပညာရှင်အဖွဲ့က ပြန်လည်ရှင်းလင်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က Container House များ လာရောက်တပ်ဆင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့အား ကျေးဇူးတင်စကား ပြောကြားပြီး တည်ဆောက်တပ်ဆင်နေသည့် ယာယီအဆောက်အအုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)