ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးလောင်မှုဖြစ်ပွား



ဒဂုံတောင်၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၃ ရပ်ကွက်၊ လှိုင်မြစ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်ရှိ စက္ကူစက်ရုံ အကျယ်အဝန်း (၄၀x၆၀) ပေ၊ အုတ်ညှပ်တစ်ထပ်၏ သွပ်မိုး၊ သံဇကာကာ မြေစိုက်အဆောက်အဦ နောက်အဖီတွင် မေ ၁၃ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၃ ရပ်ကွက်၊ လှိုင်မြစ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်ရှိ စက္ကူစက်ရုံ အကျယ်အဝန်း (၄၀x၆၀) ပေ၊ အုတ်ညှပ်တစ်ထပ်၏ သွပ်မိုး၊ သံဇကာကာမြေစိုက်ရှိ သွပ်မိုး၊ သံဇကာကာ၊မြေစိုက် နောက်ဖေးအဖီ (၁၀x၄၀) ပေတွင် ထွန်းထားသော ဖယောင်းတိုင်မီးကျန်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားရာ ကနဦးအနေဖြင့် အနီးရှိ ရပ်ကွက်နေပြည်သူများက 3 Kg မီးသတ်ဆေးဘူး (၃) ဘူးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြကြောင်းနှင့် မီးလောင်ရာနေရာသို့ ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၏ ကွတ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၃၈) ဦး၊ အရန်တပ်ဖွဲ့ဝင် (၂၀) ဦး၊ စုစုပေါင်း (၅၈) ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၆)စီး၊‌ ရေသယ်ယာဉ် (၈)စီး၊ ကွတ်ကဲမှုယာဉ် (၁) စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ ည ၉နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ပြီး ၉ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

မီးလောင်မှုကြောင့် အဆောက်အဦးနှင့် အတွင်းပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်ဆယ့်ငါးသိန်းရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌ကြောင်းနှင့် ပိုင်ရှင်အား အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


သန်းသန်းအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)