ရေး၊ မေ ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ (၇၉)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေးအောင်၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ရေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကျက်သားရေကုန်း ဣစ္ဆာသရ ဘုန်းကြီးကျောင်းတွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မြတ်ကြီး ရင်ပြင်တော်အား ဘုရားပန်းလဲခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေးမြို့နယ်တွင် မီးသတ်ဦးစီးဌာနအနေဖြင့် ဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်း အနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ အခြားဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ် လိုက်လံလှူဒါန်း ပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment