မော်စကို၊ မေ ၉
မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့သည် ယနေ့(မေ ၉ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက်ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ သည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)တွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဟောကြားသည့် အနုမောဓနာတရားကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment