သထုံမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

 




သထုံ  ၊ မေ ၉


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးဆောင်၍ ၂၀၂၅ ခုနစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက ၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော အသင်းခွဲငယ်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကာ သထုံမြို့နယ်အတွင်းမှ စွမ်းဆောင်ရည်မြင့်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းနားသို့ သထုံခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူးနှင့် ဒူရင်းဆိပ်ကျေးရွာ၊ ဇရစ်ချောင်ကျေးရွာတို့မှ ကြက်ခြေနီအသင်းခွဲငယ်မှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)