မေ - ၉ ( သောကြာနေ့ )
ထိုင်းဝန်ကြီးချုပ် ပေတောင်တန် သည် အပြစ်မဲ့အရပ်သားများကို ထိခိုက်နစ်နာစေသည့် တောင်ပိုင်းပြည်နယ်များတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီးနောက် မလေးရှား ဝန်ကြီးချုပ် အန်ဝါသည် အကြမ်းဖက်မှုများအဆုံးသတ်ရာတွင် ထိုင်းနှင့်ပူးပေါင်းရန် မလေးရှား၏ အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပေတောင်တန်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။
ထို့အပြင် ထိုင်းဝန်ကြီးချုပ်က လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှား၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး စိန်ခေါ်မှုများကြားတွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆောင်ကြဉ်းလာစေရန် အာဆီယံဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံးသည် ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထပ်မံတွေ့ဆုံရန် မျှော်လင့်ထားပါတယ်။
Ref: The Nation
https://t.me/MyanmarNationalPost

No comments:
Post a Comment