ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနေသည့် သံဃာတော်တစ်ပါးအား KNLA/PDF အကြမ်းဖက်သမားများက ဒလံဟု စွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနေသည့် သံဃာတော်တစ်ပါးအား KNLA/PDF အကြမ်းဖက်သမားများက ဒလံဟု စွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ်


ကော့ကရိတ်၊ မေ ၉

ကော့ကရိတ်မြိုနယ်၊ လှိုင်ကွယ်ရွာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဖြစ်သူ ဥူးသုဇာတ (၅၆)နှစ်၊ ဝါတော် (၃၅)ဝါ၊ (ဘ) ဥူးဂတပိ အား မေလ ၉ ရက် နေ့လည် ၁၂ နာရီကျော်ခန့်က  KNLA/PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ကော့ကရိတ်မြို့ကို တိုက်နေတဲ့ KNLA/PDF အဖွဲ့က ဗုံးဒဏ်/ Drone ဒဏ်ခံနိုင်တဲ့ ဆရာတော့်ကျောင်းမှာ စခန်းချချင်ကြောင်း ပြောပါတယ်။ ဆရာတော်က ယဉ်ကျေးလိမ္မာသင်တန်း လည်းဖွင့်ထားလို ကလေးတွေရှိတယ်။ ပြီးတော့ ငါ ဘယ်မှာ သွားနေရမှာလဲ ပြောတယ်။ KNLA အကြမ်းဖက်အဖွဲ့က ဘုန်းကြီးက စစ်တပ်ကိုတော့ တည်းခိုခိုင်းတယ်နော် ဆိုပြီး ပြန်ထွက်သွားကြတယ်။ ဒီနေ့ နေ့လည် အချိန်မှာ ပြတင်းပေါက်နားမှာ ထိုင်ပြီး ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနေစဉ် KNLA/PDF အကြမ်းဖက်သမားများက စစ်တပ်နဲ့ ပေါင်းလို့ဆိုကာ လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။” လို့ ဒေသခံတွေထံက သိရသည်။

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တဖက်တလမ်းက ကြိုးစားဆောင်ရွက်နေတဲ့ ဆရာတော် လုပ်ကြံခံရမှုအတွက် ဒေသခံများ ယူကြုံးမရ ဝမ်းနည်းနေကြကြောင်း၊ ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်ကြတဲ့ KNLA/PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အပေါ် ရွံရှာမုန်းတီး လာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)