ဒီနေ့ (၉-၅-၂၀၂၅) ရက်နေ့ ပြည်ဖျက်မီဒီယာတွေမှာ တွေ့မြင်ရတဲ့ သတင်းက RFA မြန်မာပိုင်းအပြီးတိုင် ရပ်နားမယ်လို့ တွေ့မြင်ရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် ပြန်တက်လာပြီးကတည်းက မျက်ခုံးလှုပ်နေကြတာ ဖြစ်ပါတယ်။ VOA သတင်းဌာန ကတော့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ကတည်းက သတင်းတင်ဆက်မှုတွေ ရပ်နားသွားပါတယ်။
RFA ကတော့ သတင်းတွေ ဆက်လက်တင်ပြနေခဲ့ပါတယ်။ ယနေ့မှာတော့ အပြီးတိုင်ရပ်နားမယ်လို့ ကြေညာတာ ဖြစ်ပါတယ်။
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကသာ ဓမ္မတာတည်း ဆိုသလိုပါပဲ။
ပြည်ဖျက်မိစ္ဆာတွေ ကောင်းစားဖို့အတွက် မြန်မာပြည်သူလူထုဟာ စတေးခံဘဝ ဖြစ်ခဲ့ရတယ်။ အခု သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တွေ ချုပ်ကိုင်ထားတဲ့ မီဒီယာတွေကို ပြတ်ပြတ်သားသား ရှင်းထုတ်လာတဲ့အချိန်မှာ မြန်မာပြည်သူလူထုကို သတင်းအမှားတွေနဲ့ နိုင်ငံရေးမှိုင်းတိုက်၊ တပ်မတော်နဲ့ ပြည်သူကြား အမုန်းပွားအောင် ဖန်တီးနေကြသူတွေလည်း အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။
တကယ်တန်းတော့ အဲဒီသတင်းဌာနတွေမှာ လုပ်ပိုင်နေကြသူတွေဟာ သူတို့ကိုယ်သူတို့ မီဒီယာသမား၊ သတင်းသမားလို့ ပြောနေသည့်တိုင်အောင် နီပိန်းတပိုင်း ပြည်ဖျက်မိစ္ဆာတွေပဲ ဖြစ်ပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်တို့ ငယ်စဉ်ကလည်း ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့်မှုတွေကို အဟုတ်တကယ် ထင်မှတ်ပြီး တပ်မတော်အပေါ် မုန်းတီးခဲ့ပါတယ်။ ကျေးလတ်ဒေသတွေမှာ ရေဒီတစ်လုံးနဲ့ မနက်မိုးလင်းပြီဆိုတာနဲ့ BBC, VOA, RFA နားထောင်ရင် နိုင်ငံရေးမှိုင်းမိခဲ့တဲ့ လူထုဟာ မနည်းမနောပါပဲ။ အခုထိလည်း ထိုနည်းလည်းကောင်း နိုင်ငံရေးမှိုင်းမိနေကြသူတွေ ရှိနေဆဲပါ။
ကျွန်တော့်အနေနဲ့ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲနဲ့ ကိုယ်တိုင် မီဒီယာနယ်ထဲ ဝင်ရောက်ခဲ့သလို အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အချိန်မှာ ပြည်ဖျက်မီဒီယာတွေရဲ့ သရုပ်မှန်ကို သိမြင်နားလည်ခဲ့ပါတယ်။ တကယ်သာ အစိုးရတစ်ရပ်အနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်မယ်ဆိုရင် BBC, VOA, RFA တို့က သတင်းသမားအမည်ခံ ပြည်ဖျက်မိစ္ဆာတွေကို မြန်မာမြေပေါ် ခြေချခွင့်တောင် မပြုသင့်ပါဘူး။
အမေရိကန်အစိုးရရဲ့ အထောက်အပံ့နဲ့ ပြည်ဖျက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြတဲ့ ပြည်ဖျက်မိစ္ဆာတစ်စုတော့ ခွက်ပျောက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
သို့သော် အိုအိုင်စီရဲ့ အထောက်အပံ့နဲ့ လူမျိုးလိမ်လော်ဘီလုပ်နေတဲ့ DVB, Mizzima, The Irrawaddy, Myanmar Now, Khit Thit တို့ကတော့ နေ့စဉ်နေ့တိုင်း သတင်းအမှားတွေနဲ့ ပြည်သူတွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး နီပိန်းတွေကို သေတွင်းထဲ တွန်းပို့နေကြတုန်းပါပဲ။ လက်တလောအခြေအနေမှာ တပ်မတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ ဗန်းမော်လို နေရာမျိုးမှာ ပြည်ဖျက်မီဒီယာတွေ က KIA, PDF က မြို့သိမ်းတိုက်ပွဲကြီး အောင်တော့မှာလိုလို ရေးသားဖော်ပြနေကြတာကို တွေ့ကြရပါလိမ့်မယ်။ ဒါက ဗန်းမော်မှာ တိုက်ပွဲဝင်ဖို့ PDF အကြမ်းဖက်သမားတွေကို ခေါ်လို့မရတော့မှာစိုးတဲ့အတွက် ဖန်တီးရေးသား ဖော်ပြနေကြခြင်း ဖြစ်ပါတယ်။ ဗန်းမော်မြို့ကို KIA, PDF က သိမ်းမယ်ဆိုရင် ပြာပုံပဲ ရမှာ ဖြစ်ပါတယ်။ တပ်မတော်ကတော့ ပြာပုံကြားမှာ ပြေးလွှားနေတဲ့ KIA, PDF အကြမ်းဖက်သမားတွေကို နေ့စဉ်ရှင်းလင်းနေတာမျိုး ဒရုန်းမှတ်တမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။
ဗန်းမော်ဒေသမှာ KIA ဘယ်လောက်သေသလဲဆိုတာတော့ မပြောနိုင်ပါဘူး။ နီပိန်း PDF အကြမ်းဖက်သမားများကတော့ ထောင်ဂဏန်းကျော်နေပါပြီ။ KIA ကလည်း အသေခံစစ်သားလိုတိုင်း အရာတော်၊ ဒီပဲယင်း က PDF အကြမ်းဖက်သမားတွေကို လာခေါ်ပြီး သေပွဲဝင်ခိုင်းနေပါတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီးရေးသားမှုတွေအပေါ် သာယာနေကြတဲ့ နီပိန်းများလည်း သတိပြုစေဖို့ပါ။
VOA, RFA တို့ကဲ့သို့ပင် အိုအိုင်စီ အထောက်အပံ့ကိုယူပြီး အာသီယောင်နေတဲ့ DVB ဦးဆောင်တဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ အသံတွေလည်း တိတ်ဆိတ်သွားဖို့ လိုပါတယ်။ အိုအိုင်စီအနေနဲ့ လူမျိုးလိမ်ခေါင်းစဉ်အတွက်နဲ့ DVB, Mizzima, The Irrawaddy တို့ကို ငွေပေးပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုခိုင်းနေမယ့် အစား ဘင်္ဂါလီတွေကို ထိထိရောက်ရောက် ကူညီပေးခြင်းဟာ အမှန်တကယ် အကျိုးရှိမှာ ဖြစ်ပါတယ်။
ပြည်ဖျက်မီဒီယာတွေရဲ့ နားမုဒိန်းကျင့်ခြင်း ခံထားရသူများလည်း မီဒီယာရဲ့ သဘောအမှန်ကို သိမြင်နိုင်ကြပါစေ။ မီဒီယာဆိုတာ ပြည်သူတွေကို သတင်းမှန်တင်ပြပေးဖို့ အစိုးရနဲ့ ပြည်သူကြား မပြေလည်မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များ လျော့ပါးအောင် ထောက်ပြပေးဖို့သာ ဖြစ်ပါတယ်။ ပြည်သူလူထုကို လှုံ့ဆော်ပြီး သေပွဲဝင်ခိုင်းဖို့ မဟုတ်ပါဘူး။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment