နေပြည်တော်၊ မေ ၂၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ သာသနိက အဆောက်အအုံနေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီး များအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများ မိုးမကျမီ အမြန်ဆုံးပြောင်း ရွှေ့နေထိုင်နိုင်ရေးအတွက် Modular House ဆောက်လုပ်နေမှုအခြေ အနေများနှင့် စစ်ကိုင်းမြို့အတွင်းရှိ အန္တရာယ်ရှိလူနေအဆောက်အအုံများကို မိုးမကျမီ ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန် မြှင့်တင်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ပန်း၊ ရေချမ်းကပ်လှူပူဇော်ပြီး ကျောင်းတော်ကြီးအား ကန္ဓကုဋိတိုက် ပြန်လည်မွန်းမံပြင်ဆင်ခြင်းလုပ်ငန်းနှင့် ပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ စိန်ဖူးတော် အသစ်ပြုလုပ်နေမှု အခြေအနေများအား လည်းကောင်း၊ ယာယီအပူဇော်ခံ ထားရှိသော ထီးတော်ကြီး စိန်ဖူတော်အဟောင်းနှင့် ဘုရားကြီးမျက်နှာသစ်ရာတွင် အသုံးပြုသော ရတနာပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအား လည်းကောင်း သွားရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
၎င်းနောက် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ပင်မဆောင်အပေါ်ထပ်ရှိငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်ဆီးခဲ့သော အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းနေမှုများ ၊ တက္ကသိုလ်စာကြည့်တိုက်တွင် အပျက်အစီးများ ရှင်းလင်း ဆောင်ရွက်ထားရှိမှုတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများ၊ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများ အား သက်ဆိုင်ရာပိုင်ရှင် အသီးသီးထံ စနစ်တကျ လွှဲပြောင်း ထားရှိမှုနှင့် ထပ်မံရှာ ဖွေတွေ့ရှိသော ငွေနှင့် ပစ္စည်းများအား စနစ်တကျ ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးဝဲ/ယာရှိ အန္တရာယ်ရှိ အဆောက်အဦများ ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းများနှင့် အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရာကြီး ထီးတော်ပြန်လည်ပြုပြင်ရန်အတွက်ပြင် ဆင်ထား ရှိမှုများနှင့် ရွှေကူကြီးမြတ်စွာဘုရားအတွင်းရှိ ကျောင်းတိုက်များအား စက်ယန္တရားကြီး များအသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လည်းကောင်း ချမ်းမြသာ စည်မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော “အောင်” အီလက်ထရောနစ် ပစ္စည်းရောင်းဝယ်ရေးဆိုင်အား စက်ယန္တရားကြီးများဖြင့် ဖြိုဖျက်နေမှုအား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိကျုံး အနောက်စည်ရှည်တံခါးအား သွားရောက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများအား လည်းကောင်း ကြည်ရှု့စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ယာယီ(၃)ခန်းတွဲ လိုင်းခန်းများ တည်ဆောက်နေမှု အခြေအနေများနှင့် ကျောက်ဆည်ခရိုင်စုပေါင်းရုံး အတွင်း၊ ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် Modular Container House များ တည်ဆောက်နေမှု အခြေအနေများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ် ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ် အထူး ဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေ အနေများနှင့် စဉ့်ကိုင်မြို့နယ်ရှိ Power Gen Kyaukse Campany Limited သဘာဝဓာတ်ငွေ့အင်ဂျင်သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံတွင် စက်များ ပြန်လည်လည်ပတ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment