ဗုဒ္ဓဘာသာရင်‌သွေးရတနာ ယဥ်ကျေးလိမ္မာသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာရင်‌သွေးရတနာ ယဥ်ကျေးလိမ္မာသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ



သထုံ  ၊ မေ ၁၄


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏ၀တီမြို့၊ တံတားဦးကျေးရွာအုပ်စု၊ နန်းတောင်းကျေးရွာတွင် ဓမ္မသုတရံသီအသင်းမှ နွေရာသီကျောင်းပိတ်ရက်ကာလ၌ စီစဉ်ဖွင့်လှစ်ခဲ့သည့် အခြေခံဗုဒ္ဓဘာသာရင်သွေးရတနာ ယဥ်ကျေးလိမ္မာသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နန်းတောင်ကြီး‌ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံဃာတော်များနှင့် တက်ရောက်လာသူတို့က အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ တက်ရောက်လာသူများနှင့် ယဉ်ကျေးလိမ္မာသင်တန်းသား ကျောင်းသား၊ ကျောင်းသူတို့က သီလခံယူဆောက်တည်ကြသည်။


ယင်းနောက် တံတားဦးကျောင်းသစ် ကျောင်းဆရာတော်က ဩဝါဒတရားချီးမြှင့်ပေးပြီး သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်ကြားရေးနည်းပြများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများနှင့် ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ကြကာ တာဝန်ရှိသူတို့က သင်တန်းထူးချွန်ဆုနှင့် စာအောင်ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါသင်တန်းကို နန်းတောင်းကျေးရွာ၌ ဓမ္မသုတရံသီအသင်းမှ ဦးဆောင်၍ ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ (၅) ဦးတို့က သင်တန်းသား/သင်တန်းသူ (၁၈၆) ဦးတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)