မြောက်ဥက္ကလာပ၊ မေ ၁၄
ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေး နှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ် နေရာ များတွင် ရောင်းချ ပေးခဲ့ကြသည်။
ထို့သို့ ရောင်းချ ပေးရာတွင် စည်ပင်သာယာရေးဝန်ထမ်းများက ပြည်သူများသက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဥ ၁၈၅၀၀ လုံး နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးခြံ (မှော်ဘီ)မှ ၁လုံး ၃၇၀ ဖြင့် ၂၅၀၀ လုံးကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊ မေဓာဝီလမ်း၊ (ဌ)ရပ်ကွက်၊သစ္စာပန်းလမ်း၊ (က)ရပ်ကွက်၊ နွယ်သာကီလမ်း(ရွှေပေါက်ကံ/၁၄ )ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း ရပ်ကွက်များအလိုက် တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ စည်ပင်သာယာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment