ကြံခင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူ(၂၃၅)ဦးအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဒုတိယအကြိမ် ထောက်ပံ့ချီးမြှင့်ငွေနှင့် ဆန် ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူ(၂၃၅)ဦးအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဒုတိယအကြိမ် ထောက်ပံ့ချီးမြှင့်ငွေနှင့် ဆန် ပေးအပ်








ကြံခင်း၊ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ​ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရောက်ရှိနေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ(၂၃၅)ဦးအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဒုတိယအကြိမ် ထောက်ပံ့ချီးမြှင့်ငွေနှင့် ဆန် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကြံခင်းမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လ ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းစီကို ဒုတိယအကြိမ်မြောက်အဖြစ် မတ်လနှင့် ဧပြီ နှစ်လစာအတွက် လေးသောင်းနှုန်း ပေးအပ်ခြင်းဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ၏  ကျောင်းနေအရွယ် သား သမီးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်၊ အိမ်ထောင်စု တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ​ကြီးကြပ်မှုဖြင့် လိုအပ် သော အကူအညီများကို သက်ဆိုင်ရာဌာနများနှင့် ချိပ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ​ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲဝင်(၂) ဦးကျော်ကျော်၊ အဖွဲ့ဝင်(၃) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း(လဝက)နှင့် ​မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်၊ကျေးရွာ/အုပ်စုများသို့ ရောက်ရှိနေထိုင်လျက်ရှိသည့် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူ(၂၃၅)ဦးအား တစ်ဦးလျှင် နှစ်လစာ ငွေကျပ် ၄၀၀၀၀ နှုန်းနှင့် ဆန် တစ်ပြည်စီ ပေးအပ်ခဲ့ကြသည်။ 

ဆက်လက်၍ အကြမ်းဖက်ဖြစ်စဉ်များ‌ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ကိုယ်စား ဦးနိုင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး  ယာယီနေရပ်စွန့်ခွာ ပြည်သူများ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မှတ်ပုံတင်၊ အိမ်ထောင်စုတို့ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး လက်ဝယ်အရောက် ထောက်ပံ့ငွေများ ထုတ်ပေးနေမှုကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လည့်လည်ကြည်ရှုကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။


 ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)