မေ - ၁၄ ( ဗုဒ္ဓဟူးနေ့ )
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အဖျော်ယမကာများထဲမှ တစ်ခုဖြစ်သည့် လက်ဖက်ရည်မှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ သီယာနင်း( theanine) ကြောင့် လက်ဖက်ရဲ့ ထူးခြားတဲ့အရသာကို ရရှိစေတာပါ။ သီယာနင်းက ကတ္တာချင်း နဲ့ ကဖိန်း တို့ရဲ့ ခါးသီးမှုကို ထိန်းညှိပေးကာ နူးညံ့သိမ်မွေ့သော ချိုမြိန်မှုကို ပေးစွမ်းပြီး သောက်သုံးသူရဲ့ စိတ်ကို တည်ငြိမ်စေသော အာနိသင်များရစေပြီး စိုးရိမ်ပူပန်မှုကို လျော့ပါးစေကာ ပိုမိုကောင်းမွန်သော အိပ်ပျော်ခြင်းကို မြှင့်တင်ပေးပါတယ်။
သီယာနင်း ပမာဏက နွေဦးပေါက်ရာသီတွင် ထွက်သော လက်ဖက်ပင်၏ အညွန့်အသစ်တွင် မြင့်မားသော်လည်း နွေဦးနှောင်းပိုင်းတွင် သိသိသာသာ လျော့ကျသွားကာ နွေဦးနှောင်းပိုင်းမှာ ရိတ်သိမ်းတဲ့ လက်ဖက်စိမ်း၏ အရည်အသွေးကို လျင်မြန်စွာ ကျဆင်းစေပါတယ်။
ရာသီအလိုက် သီယာနင်း အဆင့် ကျဆင်းခြင်း၏ နောက်ခံ မော်လီကျူးယန္တရားများကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမဲ့ ရှာမတွေ့ဘူးဖြစ်နေရာက မကြာသေးမီက အန်ဟွီ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဇန်ဇောင်လင်း ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ က တွေ့ရှိခဲ့ပြီး The Plant Cell ဂျာနယ်တွင် တွေ့ရှိချက်များနှင့်အတူ ရေရှည်လေ့လာမှုမှတစ်ဆင့် ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
နွေဦးပေါက်ရာသီ၏ လျင်မြန်သော ကြီးထွားမှုအဆင့်တွင် လက်ဖက်ပင်များသည် အညွန့်အသစ် ဖြစ်ထွန်းရန်အတွက် နိုက်ထရိုဂျင်အရင်းအမြစ်အဖြစ် သီယာနင်းကို ဇီဝဖြစ်စဉ်အဖြစ် ထုတ်ပေးပါတယ်။ အဲ့ဒိဓာတ်ပေါင်းတွေကို CsTHS1 က သယ်ယူ သွားပြီး ဆိုက်တိုပလမ်ထဲက မိုက်တိုကွန်ဒရီးယား ဆီကို ပို့ကာ စုဆောင်းထားပါတယ်။ ရာသီဥတု တဖြည်းဖြည်း ပူလာတဲ့အခါမှာတော့ CsGGT2 အင်ဇိုင်းတွေက သီယာနင်းတွေကို လျော့ကျစေတော့တာပါပဲ။ အဲ့ဒိ နွေနှောင်းပိုင်းမှာ ဖူးတဲ့ လက်ဖက်ရွက်တွေမှာ သီယာနင်း ပါဝင်မှုတွေက လျော့ကျနေတော့တာပါပဲ။
အပူချိန်သည် ဤလုပ်ငန်းစဉ်၏ အဓိကကျသော ထိန်းချုပ်မှုတစ်ခုဖြစ်ပါတယ်။ ရာသီအရ ပူနွေးလာမှုက သယ်ယူပို့ဆောင်ပေးတဲ့ CsTHS1 နှင့် CsGGT2 အင်ဇိုင် နှစ်မျိုးလုံးသည် လက်ဖက်ပင်များ တိုးလာ လို့ သီယာနင်းတွေ ပျက်စီးမှု အရှိန်မြင့်သွားတာပါ။
လက်ဖက်ပင်များတွင် theanine ဇီဝဖြစ်စဉ်တွေကို ဖော်ထုတ်ခြင်းဖြင့်၊ ဤလေ့လာမှုသည် နွေဦးနှောင်းပိုင်းတွင် လက်ဖက်အရသာကို မြှင့်တင်ရန် ဗျူဟာများကို ပံ့ပိုးပေးနိုင်ပါတယ်။ "တိကျသောမျိုးပွားမှု၊ မျိုးရိုးဗီဇတည်းဖြတ်ခြင်း၊ အထူးဓာတ်မြေသြဇာများသုံးခြင်း နှင့် အပူချိန်ကျအောင် အရိပ်ပေး နည်းပညာများကို တီထွင်နိုင်ရင်တော့ လက်ဖက်မှာ ပါတဲ့ သီယာနင်း ပမာဏကို ထိန်းချုပ်သွားနိုင်မယ်လို့ ဖော်ပြထားပါတယ်။
REF: CNTG
https://t.me/MyanmarNationalPost


No comments:
Post a Comment