မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဆင်တောင်နှင့်မြင်းဒိုက်ဘူတာအကြား ရထားလမ်းတာပေါင်ပြိုကျမှုဖြစ်ပွား၊ မြန်မာ့မီးရထားဝန်ထမ်းများက အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဆင်တောင်နှင့်မြင်းဒိုက်ဘူတာအကြား ရထားလမ်းတာပေါင်ပြိုကျမှုဖြစ်ပွား၊ မြန်မာ့မီးရထားဝန်ထမ်းများက အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊  မေ  ၄

မိုးကြိုကာလဖြစ်သည့်  မေလ ၁ ရက်မှစ၍   နေရာအချို့တွင်  မိုးသည်းထန်စွာရွာသွန်းပြီး   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သာစည်မြို့နယ်အတွင်းရှိသာစည်-ရွှေညောင်ရထားလမ်းပိုင်း၏ ဆင်တောင်နှင့် မြင်းဒိုက်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၃၅၇/၄-၅ အကြား   ရထားလမ်းတာပေါင် ပြိုကျမှုဖြစ်ပွားခဲ့ပြီးရထားလမ်းပိုင်းကို မေလ ၁ ရက်  ည ၆ နာရီ ၁၆ မိနစ်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ရထားလမ်းတာပေါင်ပြိုကျမှုဖြစ်ပွားရာသို့ မြန်မာ့မီးရထားဝန်ထမ်းများက ယင်းနေ့ည ၇ နာရီတွင်ရောက်ရှိစစ်ဆေးခဲ့ရာ ရထားလမ်း တာပေါင် ဇလီဖားတုံးထိပ်မှ အလျားပေ၂၀၊ အမြင့်ပေ ၃၀ ခန့်ရှိ မြေသားတာပေါင်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါရထားလမ်းတာပေါင်ပြိုကျမှုကြောင့် မေလ ၂ ရက်မှစ၍ ယာယီရပ်နားထားရသည့်သာစည်- ရွှေညောင်ရထားခရီးစဉ် အမှတ်(၁၄၁)အဆန်၊ (၁၄၂)အစုန်ရထားများ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး မြန်မာ့မီးရထား ဝန်ထမ်းများက ပျက်စီးခဲ့သည့် ရထားလမ်းပိုင်း မြေထိန်း နံရံအား ပိုင်ရိုက်ခြင်းနှင့် ၆”x ၉” ကျောက်ကြီးများထည့်သွင်းခြင်းတို့ကို အမြန်ဆုံးပြုပြင် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)