မေ - ၁၀ ( စနေနေ့ )
ဗြိတိန်အစိုးရသည် ရုရှားနိုင်ငံအပေါ် ၎င်း၏ “အကြီးမားဆုံးသော ပိတ်ဆို့အရေးယူမှု” အစီအစဉ်ကို ကြေညာ ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ အဲ့ဒိ အရေးယူမှုက ရုရှား၏ ရေနံသယ်ယူ ပို့ဆောင်ရေး ကွန်ရက်ကို ထိုးနှက်ရန် နှင့် မော်စကို၏ စွမ်းအင်ဝင်ငွေများကို လျှော့ချရန် ရည်ရွယ်သည်။ အဆိုပါ ကြေညာချက်ကို မနေ့က သောကြာနေ့တွင် နာဇီဂျာမနီတို့ ဒုတိယကမ္ဘာစစ်အတွင်းက ရှုံးနိမ့်ခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ ရုရှား၏ ဂုဏ်ပြုပွဲနှင့် တိုက်ဆိုင်နေချိန် ဖြစ်သည်။
ကိယက်ဗ်၏ အခိုင်မာဆုံး ထောက်ခံသူများထဲမှ တစ်ဦးဖြစ်သည့် လန်ဒန်သည် ၎င်းအား စစ်ရေးနှင့် နည်းဗျူဟာ ဆိုင်ရာ အထောက်အပံ့နှင့် ငွေသား ဘီလီယံပေါင်းများစွာ ပံ့ပိုးပေးကာ မော်စကိုသည် ယူကေ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ကာလရှည်ကြာ အခိုင်အမာဆိုထားသည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်က ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစပြီး ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့ အရေးယူမှုပေါင်း ၂,၀၀၀ ကျော်ကို ဗြိတိန်အစိုးရများက အကောင်အထည်ဖော်ခဲ့သည်။
"ရုရှားက ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုကို လုပ်နေပါတယ်။ ပူတင်အပေါ် ဖိအားတွေ အရှိန်မြှင့်ဖို့၊ အကြီးမားဆုံး ဒဏ်ခတ်အရေးယူမှုကို လုပ်ဖို့ ကျနော် ကြေညာထားပါတယ်" ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က X မီဒီယာတွင် ရေးသားခဲ့သည်။
ပိတ်ဆို့မှု အသစ်မှာ ရုရှားရေနံတင်သင်္ဘော အစီး ၁၀၀ ကျော်ပါဝင်နေပြီး ရုရှားရဲ အခြားရေယာဉ်များလည်း ပါပါတယ်။ လန်ဒန်၏အဆိုအရ အဆိုပါသင်္ဘောများသည် ၂၀၂၄ ခုနှစ်ကတည်းက ကန်ဒေါ်လာ ၂၄ ဘီလီယံတန်ဖိုးရှိ ကုန်တင်ကုန်ချများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။၊ အီးယူနဲ့ အမေရိကန်တို့က ရုရှားသင်္ဘောများကို ပစ်မှတ်ထားပြီး အခြားသော သင်္ဘော အစီး ၁၅၀ ကို အမည်ပျက်စာရင်းသွင်းမည့် ၁၇ ကြိမ်မြောက် ပိတ်ဆို့မှုအစီအစဉ်ကို ယခုလနှောင်းပိုင်းတွင် အတည်ပြုနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အနောက်နိုင်ငံမဟုတ်သော ဝယ်သူများကြောင့် ရုရှား၏ ရေနံဝင်ငွေသည် ခိုင်မာနေခဲ့သည်။ ပြီးခဲ့သည့်လတွင် လန်ဒန်မြို့ရှိ ရုရှားသံရုံးမှ ဗြိတိန်အစိုးရအား “ရုရှားနိုင်ငံအပေါ် ရန်လိုသည့် အမူအရာ” ကို ရပ်တန့်ရန် ဗြိတိန်အစိုးရအား တိုက်တွန်းခဲ့သည်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment