မော်လမြိုင်မြို့၌ မိုးစပါး အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ မိုးစပါး အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


မော်လမြိုင် ၊  မေ ၁၀


မွန်ပြည်နယ်အတွင်း သမဝါယမအသင်းများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မေ ၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း/အသင်းသားများမှ မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရာတွင် လိုအပ်သော သွင်းအားစုများ ပံ့ပိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။


အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမအသင်းစုချုပ်/ မြို့နယ်သမဝါယမအသင်းစုများမှ အမှုဆောင်များနှင့် ပြည်နယ်သမဝါယမဦးစီးဌာန/ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက (၁၉ဝဝ၀) ကျော်ဧကကို စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း (၁၁၅) သင်းက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)