ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အမေရိကန် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အမေရိကန် ကြေညာ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ ဗြိတိန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေအပေါ် ထရမ့် က စည်းကြပ်ခွန်ကောက်ခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ပြီးနောက် ပထမဆုံးသဘောတူညီချက် ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေဟာ ဗြတိန်ရဲ့ ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာမှာဖြစ်ပြီး ဗြိတိန်မှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေအပေါ် စည်းကြပ်ခွန်ကိုလည်း ဖြတ်တောက်ပေးမှာဖြစ်ကြောင်း သူက ပြောပါတယ်။

ဒေါ်နယ်ထရမ့် ဟာ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

"ဒီသဘောတူညီချက်အရ အမေရိကန်ပို့ကုန်တွေ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ ဈေးကွက်ထဲ ပိုမိုဝင်ရောက်ခွင့်ပေးမှာဖြစ်ပြီး၊ အမေရိကန်အမဲသား၊ အီသနောနဲ့ လယ်သမားကြီးတွေထုတ်လုပ်တဲ့ ထုတ်ကုန်အားလုံးနီးပါး ဈေးကွက်ထဲဝင်ရောက်မှုကို သိသိသာသာ တိုးမြင့်လာစေမှာ ဖြစ်ပါတယ်” လို့ ဆိုပြီး သူက ဒီသဘောတူညီချက်ကို “အောင်မြင်မှု" တစ်ခုအနေနဲ့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံထုတ်မော်တော်ယာဉ်တွေအတွက် စည်းကြပ်ခွန်ဟာ နှစ်စဉ် ခွဲတမ်းအစီးရေ ၁၀၀,၀၀၀ အတွက် ၂၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။ သံမဏိနဲ့အလူမီနီယံ ထုတ်ကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ ဖယ်ရှားဖို့လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ ကုန်သွယ်ရေး မိတ်ဖက်တွေအားလုံးအပေါ် အမေရိကန်က ချမှတ်ထားတဲ့ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကိုတော့ ဆက်လက်ထားရှိမယ်လို့ ဒေါ်နယ်ထရမ့် က ပြောပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)