တာမွေမြို့နယ်၊ နတ်မောက်လမ်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၊ နတ်မောက်လမ်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်း




ရန်ကုန် ၊  မေ ၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က မြို့တွင်းလမ်းများ ကောင်းမွန်ရေးစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်၊ နတ်မောက်လမ်း (ဖိုးစိန်လမ်းနှင့် ကန်ရိပ်သာလမ်းကြား) အရှည်ပေ (၄၀၇၀)၊ တစ်ဖက်လျှင်အကျယ် (၂၄) ပေဖြင့် ဝဲ/ယာအကျယ် (၄၈) ပေအား ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းလျက်ရှိသည်။ ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ မေ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး၊ လမ်းဘေးလူသွားစင်္ကြံနှင့် မြောင်းဖုံးများပြုပြင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)