မင်းဘူး(စကု)မြို့နယ်၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ပြည်သူများ အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ပြည်သူများ အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်





မင်းဘူး  ၊ မေ ၂၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနက ကျောက်တန်းအမြဲတမ်း ပျိုးဥယျာဉ်နှင့် မင်ဘူး-အမ်း ကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့တွင် လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။


လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအပါအဝင် သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာပြီး ရာသီဥတုပြောင်းလဲမှုများကို လျှော့ချစေကာ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေမည်ဖြစ်ကြောင်း၊ လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ရာတွင်လည်း ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာဖြင့် စိုက်ပျိုးနိုင်စေရန် အရိပ်ရ၊ ဆေးဘက်ဝင်၊ ပန်းပွင့်သည့်အပင်များနှင့် သစ်ရရှိနိုင်မည့် အပင်များကို ရွေးချယ်၍ ပျိုးပင်အမျိုးအစားပေါင်း (၁၂)မျိုးကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမြင့်အောင်က ပြောကြားခဲ့သည်။


မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးမည့် လူထုဖြန့်ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကိုလ်၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗန်ဒါ၊ မယ်ဇယ်၊ ဇီး၊ မျှဉ်ဝါး၊ စိန်တံခြူ၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း ၄၄၂၀၀ ကို ပျိုးထောင်ထားရှိပြီး ပြည်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်များကို အဆိုပါပျိုးဥယျာဉ်နှစ်ခု၌ အခမဲ့ လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)