Pages

Pages

ရွှေတောင်မြို့နယ်တွင် ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံဘုရားကြီး အနေကဇာတင် အခမ်းအနားကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ





ရွှေတောင်၊ မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊ဖိုးသိန်တန်ရွာအနီးရှိ ရဟန္တာ(၈၀)ရှေးဟောင်းသိမ်တော်ကြီးပရဝုဏ် အတွင်း တည်ထားသော ဗုဒ္ဓဓါတ် ကမ္ဘာလွှမ်းခြုံဘုရားကြီး အနေကဇာတင် အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း အဆိုပါဘုရားကြီးဓမ္မာရုံ၌ကျင်းပခဲ့သည်။

   အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးသိန်းအောင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ဗုဒ္ဓဓါတ် ကမ္ဘာလွှမ်းခြုံဘုရားကြီး အနေကဇာတင် အခမ်းအနားနှင့် အာဟာရဒါန (  ၇) ရက် ( ၇) လီသားသတ်လွတ်ကျွေးမွေးဧည့်ခံနိုင်ရေး ကိစ္စရပ်များ၊ပျော်ပွဲရွှင်ပွဲများစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ၊ရဟန္တာ(၈၀) ဆရာတော် ဘဒ္ဒန္တ ခေမာစာရ ပါ သံဃာ(၃) ပါးနှင့် တာဝန်ရှိသူများ နှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရဟန္တာ(၈၀) ဆရာတော် ဘဒ္ဒန္တ ခေမာစာရ ဆရာတော်ဘုရားကြီး၏ ကိုယ်စား ဂေါပကယာယီတာဝန်ခံ ဦးချို မှပြန်လည်ရှင်းလင်းခဲ့ပြီး ပွဲတော်ကျင်းပရေး နိုင်ငံတော်အဆင့်ထိတင်ပြပြီး   ခွင့်ပြုသည့်ရက်အား ပြန်လည်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

   အခမ်းအနားသို့ ရဟန္တာ(၈၀) ဆရာတော် ဘဒ္ဒန္တ ခေမာစာရ ပါ သံဃာ(၃) ပါးပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊တိုင်းသာသနာရေးမှူးဒုတိယညွှန်ကြားရေးမှူး ဦးချမ်းငြိမ်း၊ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊တိုင်းပြည်ခိုင်ဖြိုးဥက္ကဌ ဦးအောင်ချိုဦး နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ၊ နွားမယံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊  ဆရာတော်ဘုရားကြီး၏ တပည့်ဒါယိကာ၊ ဒါယိကာမများ  တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment