ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်လေ့လာ




နေပြည်တော်၊ မေ ၂၀

နေပြည်တော်ကောင်စီနယ်မြေ၌ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသားများနှင့် နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦး တို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း လေ့လာရေးခရီးစဉ်များဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ပုထိုးများ၏ ပုံစံငယ်များ၊ အထင်ကရနေရာများ နှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)