မိုင်းယောင်း၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



မိုင်းယောင်း  ၊  မေ ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) တပ်ဦးကျောင်း၌  နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့်  ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ နမောဿတသုံးကြိမ်ရွှတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး  ဘာသာ၊ သာသနာရေးအကြောင်း သိသင့်သိထိုက်သည်များ၊ စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ အကြောင်းအရာများ၊ (၃၈)ဖြာမင်္ဂလာတရားတော်များ၊ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့်ပတ်သတ်၍ စစ်ဆေးမေးမြန်းသော စာမေးပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ထူးချွန်ဆုပေးအပ်ခြင်းနှင့် ကွန်ပျူတာသင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ပြုလုပ်ခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုထပ်မံချီးမြှင့်ပေးနိုင်ရေး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ရာဇီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)