နမ့်စန်မြို့နယ် ခန်းမရှေ့တွင် ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ် ခန်းမရှေ့တွင် ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူ

 



နမ့်စန်(တ) ၊  မေ ၁၉


၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်မှစတင်ဖွင့်လှစ်မည်ဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နေ့လယ် ၁ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စု လမ်းမကြီးအနီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ဆရာ/ဆရာမများက လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်ခန်းမရှေ့တွင် ဆိုင်းဘုတ်စုပေါင်း စိုက်ထူခဲ့ကြသည်။


နမ့်စန်မြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း ၁၂၉ ကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)