နေပြည်တော်၊ မေ ၂၂
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ဖြူးမဟာစည် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တအဂ္ဂဝရနှင့် ဒါယကာ ဒါယိကာမများ၊ ရဟန်း ဒါယကာ ဒါယိကာမများ၊ ကျောင်းဒါယကာ ဒါယိကာမများ၊ ပြည်တွင်း/ ပြည်ပဒါယကာ ဒါယိကာမများ၊ ရပ်နီးရပ်ဝေး ဒါယကာ ဒါယိကာမများက ငွေကျပ် ၁,၀၀၀,၀၀၀ နှင့် ငွေကျပ် ၆၇ သိန်းတန်ဖိုးရှိ စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment