ပုသိမ် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)မှ သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးလာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)မှ သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးလာမည်


နေပြည်တော်၊ မေ ၁၀

ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)မှ လေ့လာရေးခရီးသွားရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်း ဌာနချုပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဧလာ)သို့ တပ်မတော်လေယာဉ် ဖြင့် ပို့ဆောင်ပေးသည်။

အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)