တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅ဝ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅ဝ ဖမ်းဆီးရမိ


နေပြည်တော်၊ မေ ၁၀ 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ၊ ရပ်ကွက်(၁၁)၊ နယ်မြေ(၇၆)ရှိ သန်းထွေးအောင်(ခ) ခေါကြီး ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ ရှာဖွေရာ ၎င်းနှင့်အတူ မချောချောဦး(ခ)မစု နှင့် အောင်နိုင်ထွန်းဦး တို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)